INNOVA MANDALAY

Leading people's lives with innovation!

Home
Shop Now
About Us
Contact

Privacy Policy

Updated: Oct 2021


ဤကိုယ်ရေးအချက်အလက်ထိန်းသိမ်းမှုမူဝါဒ (Privacy Policy) တွင် မိတ်ဆွေ၏ ကိုယ်ရေးအချက်အလက်များကို ကျွန်ုပ်တို့က မည်သို့ကောက်ယူအသုံးပြုမည် နှင့် ကောက်ယူပြီးသော ကိုယ်ရေးအချက်များ လုံခြုံစေရန်အတွက် ကျွန်ုပ်တို့ဘက်မှ လုပ်ဆောင်သွားသည့် အဆင့်များကို ရှင်းပြထားပါသည်။


ကျွန်ုပ်တို့ ဝက်ဘ်ဆိုဒ် https://www.innova-mandalay.info၊ ကျွန်ုပ်တို့ လူမှုကွန်ရက်စာမျက်နှာဖြစ်သော Facebook page www.facebook.com/innova.mandalay တို့တွင် လာရောက်ကြည့်ရှုခြင်း သို့မဟုတ် အဆိုပါ လူမှုကွန်ရက်မျက်နှာများနှင့် သက်ဆိုင်သော ကြော်ငြာများကို ဝင်ရောက်ကြည့်ရှုခြင်း သို့မဟုတ် Messenger Bot၊  Instagram Bot၊ WhatsApp Bot၊ Google Chatbot (Business Messages)၊ Telegram Bot၊ SMS Bot၊ Email Autoresponder၊ Webchat နှင့် စကားစမြည်ပြောဆိုခြင်း သို့မဟုတ် ကိုယ်ရေးအချက်အလက်များ စာရင်းပေးသွင်းခြင်း သို့မဟုတ် ကျွန်ုပ်တို့ဖော်ပြထားသော  website စာမျက်နှာများသို့ ဝင်ရောက်ကြည့်ရှုခြင်းအားဖြင့် ဤမူဝါဒတွင် ဖော်ပြထားသော လုပ်ထုံးလုပ်နည်းများကို မိတ်ဆွေအနေနှင့် လက်ခံရမည် ဖြစ်ပါသည်။


မိတ်ဆွေ၏ အချက်အလက်များ ကာကွယ်ပေးမှုမှာ ကျွန်‌တော်တို့အပေါ် ယုံကြည်မှုအတွက် အရေးပါသော အရာတစ်ခုဖြစ်ပြီး မိတ်ဆွေ၏ ကိုယ်ရေးအချက်အလက်လုံခြုံမှုမှာ ကျွန်ုပ်တို့အတွက် အရေးကြီးပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့အနေဖြင့် မိတ်ဆွေ၏ အမည်နှင့် မိတ်ဆွေနှင့် သက်ဆိုင်သော ကိုယ်ရေးအချက်အလက်များ (phone number, email address, social profile) ကို ဤကိုယ်ရေးအချက်အလက် ထိန်းသိမ်းမှုမူဝါဒတွင် ဖော်ပြထားသော ပုံစံဖြင့်သာ အသုံးပြုမည်ဖြစ်ပါသည်။


ကျွန်ုပ်တို့ ကောက်ယူသော အချက်အလက်များ

မိတ်ဆွေက သဘောတူခွင့်ပြုမှသာ မိတ်ဆွေ၏ ကိုယ်ရေးအချက်အလက်များကို ကျွန်ုပ်တို့ ရယူနိုင်မှာဖြစ်ပါသည်။ အလုပ်ရုံဆွေးနွေးပွဲ (workshop)၊ အင်တာနက်ဟောပြောပွဲ (webinar) တို့ တက်ရောက်ရန် စာရင်းပေးသွင်းခြင်း၊ Innova Mandalay ၏ product များကို ဝယ်ယူသုံးစွဲခြင်း ပြုလုပ်မှသာ မိတ်ဆွေ၏ ကိုယ်ရေးအချက်အလက်များကို ကျွန်ုပ်တို့က ကောက်ယူနိုင်ပါသည်။


ကောက်ယူသော အချက်အလက်များ အသုံးပြုခြင်း

ကျွန်ုပ်တို့ ဝက်ဘ်ဆိုဒ် နှင့် လူမှုကွန်ရက်ကို လာရောက်ကြည့်ရှုသူများ၏ အသက်အပိုင်းအခြားအလိုက် သုတေသနပြုလုပ်ရန်၊ မိတ်ဆွေအတွက် အသုံးဝင်နိုင်သည်ဟု ထင်သော အချက်အလက်များကို ကြော်ငြာများ၊ အလိုအလျောက်မက်ဆေ့များ၊ အလိုအလျောက်အီးမေးလ်များ မှတစ်ဆင့်ပေးပို့ရန် သို့မဟုတ် မိတ်ဆွေ တောင်းဆိုသောအချက်အလက်များကို ပေးပို့ရန်အတွက် အသုံးပြုမည် ဖြစ်ပါသည်။ အချက်အလက်များပေးပို့ရန်ဆိုရာတွင် ကျွန်ုပ်တို့၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုနှင့် ပတ်သက်သော အချက်အလက်များပါဝင်ပါသည်။ မိတ်ဆွေက အဆိုပါအချက်အလက်များ မရယူလိုတော့ပါက ငြင်းပယ်ခြင်းကို အချိန်မရွေးပြုလုပ်ရန် အခွင့်အရေးပေးထားပါသည်။


ကောက်ယူသော အချက်အလက်များကို တာဝန်ခံခြင်း

ဥပဒေအရ အသုံးပြုရန် လိုအပ်ခြင်းမရှိလျှင် မိတ်ဆွေထံမှ တင်ကြို ခွင့်ပြုချက်မတောင်းခံဘဲ တခြားမသက်ဆိုင်သူများထံ မိတ်ဆွေ၏ ကိုယ်ရေးအချက်အလက်များကို ရောင်းချခြင်း သို့မဟုတ် မိတ်ဆွေပိုင်ဆိုင်သော လူမှုကွန်ရက်ဆိုင်ရာအချက်အလက်များ (social media profile, social media pages, social media channels, digital assets) နှင့် ဘဏ်နှင့်သက်ဆိုင်သောအချက်လက်များကို မသမာသောနည်းလမ်းဖြင့် ဖောက်ထွင်းရန်ကြိုးစားခြင်း သို့မဟုတ် အခြားသူများကို ပေးခြင်းပြုလုပ်မည် မဟုတ်ပါ။


သို့သော် ကျွန်ုပ်တို့အသုံးပြုသော ပြည်ပရှိ သက်ဆိုင်ရာ ဈေးကွက်သုတေသနကုမ္ပဏီများထံသို့ မိတ်ဆွေ၏ သတင်းအချက်လက်များကို ပေးပို့ရသည့် အ‌နေအထားရှိပါသည်။ နိုင်ငံတကာ ကိုယ်ရေးအချက်အလက်ဆိုင်ရာလုံခြုံမှု General Data Protection Regulation (GDPR Compliance) ကို ၎င်းကုမ္ပဏီများကသာလျှင် အပြည့်အဝတာဝန်ယူမည်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ Privacy Policy နှင့်အညီ မိတ်ဆွေ၏ အချက်အလက်များကို အတတ်နိုင်ဆုံး ထိန်းသိမ်းထားမည်ဖြစ်ပါ၍ ကျွန်ုပ်တို့ ပေးပို့လိုက်သော ဈေးကွက်သုတေသနကုမ္ပဏီများအတွက် ကျွန်ုပ်တို့တွင် တာဝန်မရှိကြောင်း သတိပြုစေလိုပါသည်။


ကောက်ယူသော အချက်အလက်များကို ထိန်းသိမ်းခြင်း

မိတ်ဆွေ၏ ကိုယ်ရေးအချက်အလက်များကို ကျွန်ုပ်တို့အတွက် အချက်အလက် ကောက်ယူရခြင်း ရည်ရွယ်ချက်နှင့် သက်ဆိုင်နေသော အချိန်အထိသာ ထိန်းသိမ်းထားမည် ဖြစ်ပါသည်။


မိတ်ဆွေ၏ အခွင့်အရေးများ

မိတ်ဆွေ၏ အချက်အလက်များအတွက် စိုးရိမ်ပူပန်လျှင် မိတ်ဆွေနှင့် ပတ်သက်ပြီး ကျွန်ုပ်တို့ ထိန်းသိမ်းထားနိုင်သော သို့မဟုတ် စီမံဆောင်ရွက်နိုင်သော ကိုယ်ရေးအချက်အလက်များကို တောင်းဆိုခွင့် မိတ်ဆွေတွင် ရှိပါသည်။ မိတ်ဆွေ၏ အချက်အလက်များနှင့် ပတ်သက်ပြီး မည်သည့်အချိန်တွင်မဆို မိတ်ဆွေ၏ ကိုယ်ရေးအချက်အလက်များကို ကျွန်ုပ်တို့၏ ဈေးကွက်ချဲ့ထွင်မှု ရည်ရွယ်ချက်များဖြင့် အသုံးပြုခြင်းကို ရပ်တန့်ရန် ကျွန်ုပ်တို့ကို တောင်းဆိုခွင့်လည်း မိတ်ဆွေတွင် ရှိပါသည်။